တပ်မတော်သား၊ ရဲ CDM ဝန်ထမ်းများနှင့် စပ်လျဥ်းသည့် ကြေငြာချက်

ကြေငြာချက် အမှတ် (၂/၂၀၂၁)

၁။ တရားမျှတမှုနှင့် ဒီမိုကရေစီကို ရှေးရှူ၍ ပြည်သူ့ဘက်မှ ရပ်တည်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်လာကြသော CDM ဝန်ထမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး အတွက် ကြီးမားသော ခွန်အားဖြစ်စေပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ အင်အားကို ချိနဲ့စေရုံ သာမက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက်လည်း အားကိုးအားထားပြုရမည့် အင်အားများ ဖြစ်သည်ဟု မှတ်ယူအသိအမှတ်ပြုပါသည်။

၂။ ပြည်သူလူထုဘက်သို့ ပူးပေါင်းရပ်တည်လာကြမည့် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ CDM နိုင်ငံ့ဝန်ထမ်းသားကောင်းများအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ CDM ကုဒ်နံပါတ် များအား မကြာခင်တွင် ထုတ်ဝေအသိအမှတ်ပြု သွားမည်ဖြစ်သည်။

၃။ CDM ပြုလုပ်ထားပြီး စာရင်းပေးသွင်းလိုသော တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်းမှ နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့် အချက်အလက်ပေါက်ကြားမှုကို စိုးရိမ်စရာမလိုဘဲ http://t.me/MyanmarPeople Telegram မှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါကြောင်း အသိပေး ကြေငြာလိုက်သည်။

(ပုံ) ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

Share
Share
Share

Related Posts

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ အမျိုးသားညီညွတ်ရေးအစိုးရ

Read More »