အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ

(State of People’s Defense)

မာတိကာ

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဥယျောဇဉ်

အခန်း                                     အမည်                                                            စာမျက်နှာ

၁                     မြန်မာ့နိုင်ငံရေးပြဿနာနှင့် ကျွန်ုပ်တို့၏ မျှော်ရည်ချက်

၂                      ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဘာကြောင့် အာဏာသိမ်းသလဲ

၃                     ပြည်သူ့နွေဦးတော်လှန်ရေး

၄                     ခုခံတွန်းလှန်စစ် (လက်နက်ကိုင်တိုက်ပွဲ) နည်းနာကို ဘာကြောင့်   ရွေးချယ်ခဲ့ရသလဲ

၅                     ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)

၆                     ပြည်သူ့တော်လှန်ရေး၏ လက်ရှိအခြေအနေ၊ လိုအပ်ချက်နှင့် အလားအလာ

ပုံစာရင်း

ပုံ (၆.၁)           နယ်မြေစိုးမိုးမှု အခြေပြမြေပုံ

ကာကွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး၏ ဥယျောဇဉ်

၁။        ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဤစာတမ်းကို ထုတ်ဝေခြင်း ဖြစ်ပါသည်။

၂။         PDF တပ်မတော်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများမှ တပ်မတော်များကဲ့သို့ပင် နိုင်ငံရေး ကင်းရှင်းရမည်ဖြစ်သော်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းကို မှန်ကန်စွာ သိရှိနားလည်ဖို့ လိုအပ်ပါသည်။

၃။        မိမိတို့ နိုင်ငံ၏ နိုင်ငံရေးသမိုင်းကို သိရှိနားလည်မှသာလျှင် လက်ရှိပြည်သူ့ တော်လှန်ရေးကြီးနှင့် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေရသည့် အကြောင်းရင်းများကို ကျေလည်စွာ နားလည်သဘောပေါက်ကြမည်ဖြစ်သည်။

၄။        PDF တပ်မတော်၏ အသက်သွေးကြောမှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ပြည်သူ့ထောက်ခံမှုပင်ဖြစ်သည်။ ပြည်သူလူထု၏ စိတ်ဆန္ဒနှင့် ပါဝင်မှုမရှိဘဲ ဤပြည်သူ့တော်လှန်ရေးသည် ဖြစ်မလာနိုင်ပါ။ ပြည်သူ့တော်လှန်ရေးနှင့် ပြည်သူ့ထောက်ခံမှုမရှိပါက PDF တပ်မတော်သည် ရပ်တည်နိုင်မည် မဟုတ်ပါ။

၅။        ပြည်သူ့ကြားက ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ PDF တပ်မတော်သည် ပြည်သူလူထုကို ကာကွယ်ရန်၊ စောင့်ရှောက်ရန်၊ ရိုသေရန် ဖြစ်သည်။

၆။        ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ အတူလက်တွဲပူးပေါင်းကာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” တည်းဟူသော အဆုံးသတ်ပန်းတိုင်အထိ ဆက်လက်ချီတက်သွားကြရန်၊ မဆုတ်မနစ် တိုက်ပွဲဝင်သွားကြရန်ပင် ဖြစ်ပါသည်။

ရည်မွန်

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

Share
Share
Share