စစ်ဦးစီးချုပ် ခန့်အပ်ခြင်းနှင့် စစ်ဦးစီးချုပ်၏ တာဝန်ဝတ္တရားများ
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ လွှတ်တော်သို့ အဆိုပြုတင်သွင်းပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ တာဝန်ပေးအပ်ခန့်ရမည်။
၂။ စစ်ဦးစီးချုပ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အကြီးအကဲဖြစ်သည်။
၃။ စစ်ဦးစီးချုပ်၏ တာဝန်များမှာ
- စစ်ဆင်ရေးကွပ်ကဲမှုများ ပြုလုပ်ခြင်း
- ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဘက်ရေးရာ အကြံပေးအဖြစ် ဆောင်ရွက်ခြင်း
- စစ်ဆင်ရေး၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေး၊ လေ့ကျင့်ရေး၊ ဆက်သွယ်ရေး လုပ်ငန်းစဉ်များ ချောမွေ့စေရန် ညှိနှိုင်းကွပ်ကဲရေး
- စစ်ရေးစွမ်းရည် မြင့်မားလာစေရန် ဆောင်ရွက်ရေး
- မဟာမိတ်ဆက်ဆံရေးနှင့် စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး
- စစ်အသုံးစရိတ်များအား ထိရောက်စွာ စီမံခန့်ခွဲရေး
ဒေသဆိုင်ရာစစ်ဌာနချုပ်များ
မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်
တောင်ပိုင်းတိုင်း
စစ်ဌာနချုပ်
အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ်
အရှေ့ပိုင်းတိုင်း
စစ်ဌာနချုပ်
အနောက်ပိုင်းတိုင်း
စစ်ဌာနချုပ်
တပ်ဖွဲ့ဝင်များ
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် အမြဲတမ်းတပ်ဖွဲ့ဝင်များ (Active Component / Forces/Troops) နှင့် အရန်တပ်ဖွဲ့ဝင်များ (Reserve Forces/Troops) ဟူ၍ နှစ်မျိုးရှိသည်။
အရန်တပ်ဖွဲ့ဝင်များအား စစ်ရေး အသင့်အနေအထားအဖြစ် လေ့ကျင့်ထားပြီး စစ်ပွဲကာလများတွင် တပ်ရင်းတပ်ဖွဲ့အသွင်ဖြင့် ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအသွင်ဖြင့် အခြေပြုလှုပ်ရှားရန်ဖြစ်စေ စီမံထားရှိရမည်။
