မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်ပွားမှု အခြေအနေများ

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားသည့်စက်တင်ဘာ(၁၄.၉.၂၀၂၁-၂၀.၉.၂၀၂၁) ထိနိုင်ငံအတွင်းဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များ ဖြစ်သည်။ (၁၄.၉.၂၀၂၁ မှ ၂၀.၉.၂၀၂၁) အတွင်း စစ်ကောင်စီတပ်သား(၁၀၉)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃၄) ဦးရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ တရားသောခုခံတော်လှန်စစ် စတင်ကြေငြာလိုက်ချိန်မှ စပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်ကြောင်း ဆက်သွယ်လာသူ အရေအတွက် လည်း တိုးပွားလာနေသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှုကို အထူးလိုချင်သော တပ်မတော်သားများနှင့်ပြည်သူ့ရဲများခင်များ
 
ယခုအချိန်ဟာနိုင်ငံကိုဆင်းရဲတွင်းနက်သထက်နက်အောင် ပြုလုပ်နေတဲ့ အာဏာသိမ်းအကြမ်းဖက်အဖွဲ့အစည်းကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ အချိန်အခါကောင်းဖြစ်ကြောင်း ကျွန်ုပ်တို့ကာကွယ်ရေးဝန်ကြီးဌာနမှ အသိပေးလိုပါသည်။
Share
Share
Share