မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်ပွားမှု အခြေအနေများ
၂၀၂၁ ခုနစ် စက်တင်ဘာလ ၁ ရက်နေ့ မှ ၇ ရက်နေ့ထိ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ နှင့် ပဋိပက္ခဖြစ်စဥ်များအကျဥ်းချုပ်
ကာကွယ်ရေး၀န်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှပြုစုထားသောစက်တင်ဘာပထမပတ်၊ မြန်မာနိုင်ငံအတွင်း ထိတွေ့မှုုဖြစ်စဉ်များဖြစ်ပါသည်။စက်တင်ဘာလ၁ရက်မှ ၇ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ဖြစ်စဥ်များတွင် ကနဦးရရှိသော သတင်း အချက်အလက်များအရ စ.က.စ ဘက်မှ သေဆုံးသူစုစုပေါင်း (၁၄၄)ဦး၊ ဒါဏ်ရာရရှိသူစုစုပေါင်း (၄၅)ဦး ရှိသည်။ စ.က.စ ၏ အရပ်သားများအပေါ် အကြမ်းဖက်မှု ဖြစ်စဥ်များကြောင့် အရပ်သား (၁၀)ဦး သေဆုံးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲများကြောင့်လည်း (၂)ဦး သေဆုံးခဲ့သည်။ ပြည်သူများဖက်မှလည်း လက်နက်ကိုင် ခုခံမှုများကြောင့် (၉)ဦး၊ စ.က.စ၏ အကြမ်းဖက်မှုများကြောင့် (၄)ဦး နှင့် ပေါက်ကွဲမှုများကြောင့် (၂)ဦး အသီးသီး ဒါဏ်ရာရရှိခဲ့သည်။ ယခုတစ်ပတ်အတွင်း တိုက်ပွဲများနှင့်ပဋိပက္ခဖြစ်စဥ်များအတွင်း အရပ်သားပြည်သူ (၈၃)ဦး အဖမ်းခံခဲ့ရပါသည်။ အထက်ပါ အချက်အလက်များအရ လက်နက်ကိုင်ခုခံမှုများကြောင့် စ.က.စဘက်မှ အများဆုံးသေဆုံးခဲ့ပြီး ပြည်သူများ ဘက်မှလည်း စ.က.စ၏ အရပ်သားများအပေါ် အကြမ်းဖက်မှုများကြောင့် အများဆုံးသေဆုံးခဲ့သည်။ သို့သော် သေဆုံးထိခိုက် စာရင်းများမှာ စ.က.စ ဘက်မှ သတင်းထိန်ချန်မှုများ မြေပြင်ထိလက်လှန်းမမီနိုင်သော အခြေအနေများကြောင့် ယခု ရရှိထားသော အချက်အလက်များနှင့် အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။
မှတ်ချက် ။ ။ အထက်ပါအချက်အလက်များအားလုံးသည် ပြည်တွင်းသတင်းမီဒီယာ (၃၀) ကျော်၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသော သတင်းများမှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။
မှတ်ချက် ။ ။ အထက်ပါအချက်အလက်များအားလုံးသည် ပြည်တွင်းသတင်းမီဒီယာ (၃၀) ကျော်၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသော သတင်းများမှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။
Share
Share
Share




