မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်ပွားမှု အခြေအနေများ
ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားသည့်စက်တင်ဘာ(၇.၉.၂၀၂၁-၁၃.၉.၂၀၂၁) ထိနိုင်ငံအတွင်းဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ တရားသောခုခံတော်လှန်စစ် စတင်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာသည့် ၇.၉.၂၀၂၁ မှ ၁၃.၉.၂၀၂၁ အတွင်း စစ်ကောင်စီတပ်သား(၁၉၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၆၈) ဦးရှိခဲ့သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို အထူးလိုလားသော တပ်မတော်သားနှင့်ရဲများခင်များ
လူတစ်စုကိုသာ ကြီးပွါးချမ်းသာစေပြီး လူအများစု၏ ဘဝနှင့်အနာဂတ်မရှိသောအခြေများဖြစ်ပေါ်စေသည့် အဖွဲ့အစည်းအောက်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြရန် ကျွနိုပ်တို့ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းလိုက်သည်။
Share
Share
Share


