စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ကြေညာချက်အမှတ်(၀၁/၂၀၂၂)

၁။        စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် လက်ရှိဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှု များအား စုံစမ်းစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေးအတွက်  အရေးယူ ဆောင်ရွက်လျက် ရှိသည်။

၂။         စစ်ဘက်ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို စစ်ဆေးစီရင်နေစဥ် အချိန်အတွင်း လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်၍ စစ်ဘက်တာဝန်များမှ ယာယီရပ်ဆိုင်း ထားမည်။

၃။        ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့်            သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်။

၄။        ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးရဲဘော်ရဲဘက် အချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် အပြန်အလှန် ထိန်းကျောင်းသွားကြရန်လည်း အထူးလိုအပ်သည်။

၅။        ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရန်သူ့သတင်းပေးများ၊ စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် သက်သေအထောက်အထား စာရွက်စာတမ်းများ ထားရှိရမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်။

၆။        စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်။

၇။        ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် အများပြည်သူတို့အနေဖြင့် အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများအား အောက်ပါလိပ်စာများသို့ သတင်းပေး တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။

 

Email               : cicmc@mod.nugfederalgov.com

Signal              : +66 626940294

Viber                : +66 626940294

Telegram         : +66 626940294

 

 

 

စစ်ရေးပြစ်မှုဆိုင်ရာ

စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်

Ministry of Defence

                                                                    

Share
Share
Share